Name : Nohara Rin
Birthday : November 15
> Introduce
Rin ဟာ Team Minato ထဲက Chunin အဆင့်ရှိတဲ့ Konohagakure (Hidden Village of Leaf) က
Shinobi တယောက်ပါ။
Isobu (three tails) Jinchuriki တယောက်ဖြစ်ပီး Medical-nin တယောက်လည်းဖြစ်ပါတယ်။
> Appearance
Rin ဟာမေးစေ့ကျော်ကျော် ဂုတ်နားလောက်အထိရှိတဲ့ ဖြောင့်စင်းတဲ့အညိုရောင်ဆံပင် ကို ပိုင်ဆိုင်ထားပါတယ်။ (ဂုတ်ဝဲလေးပေါ့နော်...... :-P :-P :-P )
Konhagakue Forehead Protector ကိုနှဖူးမှာဝတ်လေ့ရှိပီး ပါးနှစ်ဘက်မှာတော့ လေးထောင့်ပုံစံ ခရမ်းရောင်အမှတ်အသား တခုစီရှိပါတယ်။
အဲ့ဒီ့ ခရမ်းရောင်အမှတ်အသားကတော့ Nohara Clan ရဲ့အမှတ်အသားလို့ထင်ပါတယ်။
Rin ဟာပုံစံအမျိုးမျိုးဝတ်ဆင်ပေမယ့် အများဆုံးဝတ်တဲ့ ဝတ်စုံဆိုရင်တော့ အနက်ရောင်အင်္ကျီလက်ရှည်နဲ့ နဲ့ အနက်ရောင်ဘောင်းဘီအတိုကိုဝတ်ထားပီး ဘေး၂ဖက်လုံးခွဲထားတဲ့ ပန်းခရမ်းရောင်အဝတ်ကို ပေါင်ရင်းလောက်မှာစည်းထားလေ့ရှိပါတယ်။
ဂါဝန်လို့ပဲပြောလို့ရမလားတော့မသိဝူး....... :-P
နီညိုရောင်ပေါက်နဲ့ ခြေအိတ်အရှည်ကိုလည်း ဝတ်ထားပါတယ်နော့်.......
တခါတလေမှာတော့ ဘယ်ဘက်လက်မှာ လက်ကောက်တခု ဝတ်ထားတာကိုတွေ့ရမှာပါ။
Mission အတွင်းမှာဆိုရင်တော့ Equipment တွေထည့်ဖို့အတွက် ကျောပိုးအိတ်တလုံးလွယ်ထားတာကိုတွေ့ရပါတယ်။
အဲ...... Kakashi , Guy တို့နဲ့လုပ်ခဲ့တဲ့ mission မှာတော့ ခရမ်းရောင်အင်္ကျီလက်ရှည်အောက်ခံထားဝတ်ပီး အပေါ်မှာတော့ ဘီလိုပြောရမလဲ...ကျည်ကာအင်္ကျီပုံစံဂျာကင် ကိုဝတ်ဆင်ထားတာကိုတွေ့ရမှာပါ။ (ကျနော်လည်းဘီလိုပြောရမှန်းမသိလို့ပါ...... )
အောက်မှာပေးထားတဲ့ပုံကိုသာကြည့်ကြကုန်လော့ :-P :-P :-P
> Background
Rin ငယ်စဉ်ကသူမရဲ့ သူငယ်ချင်း Obito Uchiha နဲ့ကစားရင်း ငယ်ဘဝကို ကုန်ဆုံးခဲ့ပီး တနေ့ Hokage ဖြစ်ရမယ်လို့ ကြွေးကျော်နေတဲ့ Obito စိတ်ဓာတ်ကျနေချိန်မှာလည်း မကြာခန အားတက်စေခဲ့ပါတယ်။
Academy တက်ရတဲ့နေ့မှာလည်း အမြဲတမ်းနောက်ကျလေ့ရှိတဲ့ Obito ဟာအခမ်းအနားပီးမှ ရောက်လာခဲ့ပေမယ့် Rin ကကိုယ်စားယူခဲ့ပေးတာကြောင့် Obito တယောက် စိတ်အေးခဲ့ရပါပီ။
(အကြင်နာတေ၊ွ မေတ္တာတွေ :-P :-P )
ဒါကြောင့်လည်း Obito ဟာ သူ့အတွက် Academy ဝင်ခွင့်လက်မှတ်ယူခဲ့ပေးတဲ့ Rin ကိုအရမ်း ကျေးဇူးတင်သွားခဲ့ပါတယ်တဲ့ခင်ဗျ။
Rin ဟာ Obito ကိုအားပေးယုံမကပဲ Clone Jutsu ကို အောင်အောင်မြင်မြင်တတ်သွားခဲ့လို့ ပထမဦးဆုံး Academy ကနေ ပုံမှန်ထက် ၁နှစ်စောပီး ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ Hatake Kakashi ကိုလည်းဂုဏ်ပြုပေးခဲ့ပါသေးတယ်။
နောက် Rin ဟာ Academy ကနေ အောင်မြင်ခဲ့ပြီး နှစ်အနည်ကယ်လောက် အကြာမှာတော့ Obito , Kakashi တို့နဲ့အတူ Namikaze Minato ရဲ့လက်အောက်မှာ ခန့်အပ်ခံခဲ့ရပါတယ်။
Rin, Obito နဲ့ Kakashi တို့ကို Genin အဆင့်ပေးဖို့အတွက် နောက်ဆုံး စမ်းသက်ချက်ဖြစ်တဲ့ Teamwork အလိုက်ပြုလုပ်ခြင်းမှာ Minato ဟာတကယ့်တိုက်ပွဲမှာလို တိုက်ခိုက်စေပီး သူ့ရဲ့ခေါင်းလောင်း၂လုံးကို ယူစေခဲ့ပီး မအောင်မြင်ခဲ့ရင်တော့ Academy ကိုပြန်အပို့ခံရမှာပါ။
ဒါပေမယ့် Rin, Obito နဲ့ Kakashi တို့ဟာပထမဦးဆုံး Teamwork အလိုက်တိုက်ခိုက်ရမယ့်အစား တယောက်ချင်းသီးသန့်ဆိုသလိုတိုက်ခိုက်ခဲ့တာကြောင့် Minato အနေနဲ့ အလွယ်တကူပဲ ရှောင်တိမ်းနိုင်ခဲ့တဲ့အတွက် Kakashi ဟာ Rin နဲ့ Obito ကိုသူနဲ့ တွဲပီးတိုက်ခိုက်ဖို့အတွက် ပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ Rin, Obito နဲ့ Kakashi တို့ဟာ Teamwork အလိုက်တိုက်ခိုက်ပီးအနိုင်ယူခဲ့တာကြောင့် Minato ဟာသူ့ရဲ့ Students တွေဖြစ်ဖို့ထောက်ခံချက်ပေးခဲ့တာကိုတွေ့ရမှာပါ။
ပြောရရင်တော့ Team Minato နဲ့ Genin ဖြစ်သွားပီပေါ့နော်.........
အဲ့လိုနဲ့ Rin ဟာ Minato ရဲ့Student ဖြစ်လာခဲ့ပါတယ်။
> Personality
Rin ဟာ သူမရဲ့ Village နဲ့ လုပ်ဖော်ကိုင်ဘက်သယ်ရင်းတွေကို တော်တော်လေးကို ဂရုစိုက်တဲ့ ချစ်စရာကောင်းပီး လူတိုင်းလိုလိုနဲ့ ခင်ခင်မင်မင်နေတဲ့ ကောင်မလေးတယောက်ပါ။
Rin ဟာငယ်ငယ်တုန်းကတော့ Obito, Kakashi နဲ့အခြား သူငယ်ချင်းတွေနဲ့ "kick the can" ဆိုတဲ့ကစားနည်းကိုလည်း မကြာခနဆော့လေ့ရှိပါတယ်။
Kakashi ပါလို့တောင် Obito တနေကုန်သူချည်းပဲ လိုက်ခဲ့ရသေး တာပဲနော် ..... (Lol.... ကြမ်းတယ်ဟ )
ပီးတော့လည်း Obito နဲ့ Kakashi တို့ စကားများတဲ့အခါတိုင်လည်း Rin ကပဲအမြဲလိုလို ဖြေရှင်းပေးခဲ့တာပါ။ငြိမ်းချမ်းရေးဖော်ဆောင်သူပေါ့နော်...... ヅ
ပီးတော့လည်း တနေ့ Hogake ဖြစ်ချင်တဲ့ Obito ရဲ့ dream ကိုလဲ အားပေးပီး၊ ဘေးမှာအမြဲစောင့်ကြည့်ပေးမယ်လို့ ပြောခဲ့တဲ့အတွက် စိတ်ကောင်းရှိတယ်လို့ပြောရမှာပေါ့နော်။
"It's not good to hide your wounds, you know. I'm looking after you. "
"Do your best, Obito! Become a cool Hokage and let me see how you save the world! It's a promise."
တို့ဆိုတဲ့ စကားတွေဟာ Rin ရဲ့စိတ်ထားနူးညံ့မှု၊ စိတ်သဘောထားကောင်းမှု တို့ကိုညွှန်ပြနေလျက်ရှိပါတယ်။
နောက်ပီး Village ကို အသက်သေခံပီး ကာကွယ်သွားတာကို ကြည့်ရုံနဲ့ Rin ရဲ့ Village အပေါ်ထားတဲ့ ဂရုစိုက်မှုတွေမြင်ရမှာပါ။
> Chunin Exam
1st Chunin Exam ဖြစ်တဲ့ ရေးဖြေ မှာတော့ Kakashi ကဖြေနိုင်ပေမယ့် Obuto ကမဖြေနိုင်တဲ့အတွက် Rin ဟာ စာရွက်တရွက်မှာ သူစောင့်ကြည့်နေတယ်ဆိုတာကို Obito ဆီပို့ပီး သတိပေးခဲ့ပါသေးတယ်။
Kakashi က 1st Chunin Exam ကို ပထမအဆင့်နဲ့အောင်ခဲ့ပေယ့် Obito ကတော့ နောက်ဆုံးအဆင့်နီးပါးလောက်ရခဲ့ပါတယ်။
(ဟူးးးးးး ကံကောင်းလို့ပေါ့နော်...... x-P )
2nd Chunin Exam ကိုတော့ Death Forest ထဲမှာလုပ်ခဲ့ပီး ဖြေမယ့်နေ့ကိုရောက်ရှိလာပါပီ။
အဲ့မှာလည်း ပုံမှန်အတိုင်းပဲ Obito ကနောက်ကျနေတဲ့အတွက် Rin နဲ့ Kakashi ဟာ ဂိတ်ဝမှာပဲစောင့်နေခဲ့ရပါတယ်။
Obito ဟာ ကံကောင်းစွာနဲ့ဝင်ခွင့်ပိတ်တဲ့အချိန်နားကျမှ ရောက်လာခဲ့တဲ့အတွက် Death Forest ထဲကို သုံးယောက်စလုံးဝင်ခွင့်ရရှိခဲ့ပါတယ်။
Death Forest ထဲမှာတော့ Guy, Genma, Ebisu တို့နဲ့ Rin, Obito, Kakashi တို့နဲ့ထိပ်တိုက်တွေ့ဆုံရတဲ့အခါမှာလည်း Obito က Fireball Jutsu သုံးဖို့လုပ်တုန်းရှိသေး သကြားလုံးက လည်ချောင်းထဲနင်သွားတဲ့အတွက် Guy ရဲ့ခြေထောက်စာကို Obito တယောက်မိသွားတော့လေရဲ့ .......
ဒီအဆင့်မှာတော့ Rin နဲ့ကျပီး Kakashi နဲ့ Obito သာအောင်ခဲ့တယ်ထင်ပါရဲ့ 3rd Chunin Exam မှာတော့ Kakashi နဲ့ Obito ပဲတိုက်ခဲ့တာကိုမြင်ခဲ့ရမှာပါ။ Rin တိုက်တာကို မပြတာလည်းဖြစ်နိုင်ပါတယ်။
3rd Chunin Exam မှာ Kakashi က Guy ကိုတိုက်နေတဲ့အခါမှာလည်း Rin က စိတ်ဝင်တစားနဲ့ အားပေးအားမြှောက်လုပ်ခဲ့ပါသေးတယ်။
အဲ့လိုနဲ့အချိန်တွေကြာလာတာနဲ့အမျှ နောက်ပိုင်း Kakashi က Jounin ဖြစ်သွားတဲ့အချိန်မှာ Rin က ဂုဏ်ပြုပွဲလုပ်ဖို့စီစဉ်ခဲ့ပါတယ်။
အဲ့အချိန်မတိုင်ခင်မှာ Obito က Rinကိုသူချစ်တဲ့အကြောင်း ဖွင့်ပြောဖို့အတွက်လုပ်ခဲ့ပေမယ့် Rin က ဂုဏ်ပြုပွဲလုပ်ဖို့စီစဉ်နေတာကို သိခဲ့ရတဲ့အခါမှာတော့လည်း Obito တယောက်ဖွင့်ပြောဖို့တကြိမ် လက်လျော့ခဲ့ရပြန်ပါတယ်။
(Poor Obito)
> Obito Death (4th Shinobi World War မတိုင်မှီအချိန် အခြားသူတွေရဲ့ ထင်မြင်ချက်)
ဘာလိုလိုနဲ့ Team Minato တို့ Kannabi Bridge ကိုဖျက်စီးဖို့ တာဝန်ပေးတဲ့အချိန်ကိုရောက်လာခဲ့ပါပီ။
Mission အတွင်းမှာ Rin ဟာ Iwagakure (Hidden Village of Stone) က Shinobi ၃ဦးဖြစ်တဲ့ Taiseki, Kakko နဲ့နောက်တဦးတို့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
နောက်တယောက်ရဲ့ နာမည်ကိုတော့ maga ဆိုဝေးသေး anime မှာကော wiki မှာပါ မပါတဲ့အတွက် ကျနော်လည်း ထည့်ရေးလို့မရတာကိုတော့ ခွင့်လွှတ်စေချင်ပါတယ်ခင်ဗျ (^_^)
သူတို့ရဲ့ရည်ရွယ်ချက်ကတော့ Konohagakure (Hidden Village of Leaf) ရဲ့စစ်ဗျူဟာတွေနဲ့ အကြံအစဉ်တွေကိုသိဖို့ Rin ကို Genjutsu သုံးပြီးမေးမြန်းဖို့ပဲဖြစ်ပါတယ်။
နောက်တော့ Obito နဲ့ Kakashi တို့၂ယောက် အခြေအတင် စကားများပြီးတော့ Rin ကိုကယ်ဖို့လာပါပီခင်ဗျ ဒန်တန့်တန်.....
ဒါပေမယ့် လမ်းမှာပဲ Taiseki ကြောင့် Kakashi တယောက် ဘယ်ဘက်မျက်လုံးကွယ်သွားခဲ့ရပေမယ့် Obito က Shringan ပွင့်ပီး နှိမ်နှင်းနိုင်ခဲ့ပါပီ။
Obito နဲ့ Kakashi တို့၂ယောက်ဟာ Rin ကို လှိုင်ဂူထဲကနေ အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်ပေမယ့် Kakko ရဲ့ Earth Style: Rock Breaker ( Doton: Iwayado Kuzushi ) Jutsu ကြောင့် ကျောက်တုံးပိမလိုဖြစ်သွားတဲ့ Kakashi ကို Obito ကတွန်းထုတ်ခဲ့တာကြောင့် Obito ကိုယ်တိုင် ကျောက်တုံးပိခဲ့ရပါတယ်။
Rin ဟာ Team Minato ရဲ့ တဦးတည်းသော Medical-nin ဖြစ်တဲ့အတွက် Obito ဟာသူမသေခင်မှာ (Obito သေပြီလို့မထင်ခင်မှာပေါ့နော်) သူ့ဘယ်ဘက် Sharingan ကိုတော့ Kakashi ရဲ့မျက်လုံးထဲအစားထိုးဖို့ Rin ကိုပြောခဲ့ပါတယ်။
Rin ဟာ Obito ရဲ့ ဆန္ဒအတိုင်း Kakashi ရဲ့ဘယ်ဘက်မျက်လုံးကို Sharingan နဲ့အစားထိုးကုသပေးခဲ့ပေမယ့် နောက်တော့ Iwagakure (Hidden Village of Stone) ရဲ့တပ်ကူတွေဟာ လာနေပီဖြစ်ပီး ကျောက်တုံးတွေလည်း ဆက်ပြိုကျနေတဲ့အတွက် Obito ကိုထားပီး ထွက်သွားရပါတော့တယ် ။
ဒါပေမယ့် နောက်တော့ Minato ရောက်လာပီး Kannabi Bridge ကိုဖျက်ဆီးနိုင်လို့ Mission အောင်မြင်ခဲ့ပေမယ့် Obito ကိုတော့လက်လွှတ်ဆုံရှုံးခဲ့ရပါတော့တယ် ။
နောက်ပိုင်းမှာ Rin ဟာ Kakashi , Guy တို့နဲ့အတူ Mission တခုကိုစေလွှတ်ခံရပီး အဲ့ Mission မှာတော့ Iwa-nin (Iwagakure Shinobi) တွေကို Guy ကမျှားခေါ် Kakashi ကနောက်ကနေသမ Rin ကစစ်ကူ သွားခေါ်လို့ Iwa-nin (Iwagakure Shinobi) တွေတပ်ဆုတ်ခဲ့ရပါတယ်။
( ကြမ်းချက် )
> Rin Death
Kiri-nin (Kikrigakure Shinobi) တွေဟာ Madara မျှော်မှန်ထားတဲ့အတိုင်း Rin ထဲကို Isobu (Three Tails) ကို Seal ပေးလိုက်ပီး Konohagakure (Hidden Village of Leaf) ထဲကိုပြန်ရောက်ရင် Village ထဲမှာ release လုပ်ပြီး Konohagakure (Hidden Village of Leaf) ကိုဖျက်စီးဖို့ ကြံစည်ခဲ့ပါတယ်။
Madara လုပ်ပေးလိုက်တာလို့လဲပြောကြပါတယ်
Konohagakure (Hidden Village of Leaf) ကိုပြန်မရောက်ခင် အကြံအစည်ကိုသိသွားပီး ကိုယ့်ကိုယ်ကို Suicide လုပ်လို့မရအောင်လို့ Forbidden Individual Curse Tag (Kinkoju no Fuda) ကိုလည်း Seal ထည့်ထားပါတယ်။
တော်တော်အကြံရက်စက်တဲ့ကောင်တွေ ဒင်းတို့ကြောင့် Rin လေးဒုက္ခရောက်ရတာ........ :-(
အေးပေါ့လေ သူတို့လည်း "အချစ်နဲ့ စစ်မှာမတရားတာမရှိ" ဆိုပီးလုပ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော် ဘာပြောနိုင်တော့မှာလဲ Masashi Kishimoto ရဲ့သဘောအတိုင်းပေါ့လေ..... :-P :-P
ok ok ဒါနဲ့ပြောနေတာတောင်ဘယ်ရောက်သွားမှန်းသိတော့ဘူး...... ကဲပြန်ဆက်လိုက်ကြရအောင်......
ဒီလိုနဲ့သိပ်မကြာခင်မှာပဲ Kakashi ဟာ Rin ကိုကယ်ထုတ်ခဲ့ပေမယ့် နောက်မှာတော့ Anbu နဲ့ Jonin အဆင့်ရှိတဲ့ Kiri-nin (Kikrigakure Shinobi) တွေက နောက်ကနေတောက်လျောက်လိုက်နေကြပါတယ်။
Rin ဟာ Kiri-nin (Kikrigakure Shinobi) ရဲ့အကြံကိုရိပ်မိသွားပေမယ့် Seal Tag ကြောင့်ကိုယ့်ကိုယ်ကို Suicide လုပ်လို့မရဘဲဖြစ်နေပါတော့တယ်။
ဒါကြောင့် Rin ဟာ Kakashi ကို Village အတွက် သူ့ကိုသတ်ပါလို့တောင်းဆိုတဲ့အထိရောက်လာပေမယ့် Rin ကိုဘာဖြစ်ဖြစ်စောင့်ရှောက်ပါလို့ Obito ပြောထားတဲ့အတွက် Kakashi ဟာ Rin ရဲ့တောင်းဆိုတာကို လက်မခံခဲ့ပါဘူး။
ဒါပေမယ့် Rin ဟာကိုယ့်ကိုယ်ကို Suicide လုပ်လို့မရတာကြောင့် Village ရဲ့ လုံခြုံရေးအတွက် Kiri-nin (Kikrigakure Shinobi) ဆီကိုသွားနေတဲ့ Kakashi ရဲ့ Chidori လမ်းကြောင်းမှာဝင်ခံလိုက်ပါတော့တယ်။
Rin ဟာ Kakashi ရဲ့ Chidori ကြောင့်သေအံ့ဆဲဆဲမှာ ရှိသမျှအားညစ်ထုတ်ပီးတော့ Kakashi လို့တလုံးချင်းစီ တိုးတိုးလေးပြောလိုက်တာဟာ Kakashi နဲ့ Madara ကြောင့်သေရွာကပြန်လာတဲ့ Obito ကိုထိတ်လန့်တုန်လှုတ်သွားစေခဲ့ပါတယ်။
ပီးကျတော့ Kakashi ကတော့ပင်ပန်းတဲ့အတွက် လဲကျနေပါတယ်တဲ့ခင်ဗျ။
ဒါပေမယ့်လို့ Kakashi ဟာ Uchiha Clan Member မဟုတ်ဘဲ Obito က MS ပွင့်လို့ သူပါ MS (Mangekyo Sharingan) ပွင့်တဲ့အတွက် Chakara ကုန်ပီးလဲကျသွားတာလို့လဲပြောလို့ရပါသေးတယ်။
Kakashi လဲကျသွားတဲ့အချိန်မှာတော့ Obito ဟာ Kiri-nin (Kikrigakure Shinobi) တွေအကုန်လုံးကို တော်တော်လေးကြောက်စရာကောင်းလောက်အောင် သတ်ဖြတ်ပီးသွားတဲ့နောက်မှာ Obito ဟာ Rin ကိုပွေ့ဖက်ပီးတော့ Peace, Love, Winners တွေနဲ့ပြည့်ပီးတော့ သူနဲ့ Rin တို့အတူတူပြန် ဆုံနိုင်မယ့် ကမ္ဘာကိုပြန်လည်ဖန်တီးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
အဲ့ကစပီး Obito ဟာ Dark Side ဆီရောက်ခဲ့ပီး Madara လို့အမည်ခံတဖြစ်လဲ Tobi ထွက်ပေါ်လာခဲ့ပါတယ်။
(ဒန်တန့်တန် :-P :-P :-P )
နောက်မှာတော့ Konohagakure (Hidden Village of Leaf) ကတပ်ကူတွေရောက်လာပီး Rin ရဲ့အလောင်းကို Konohagakure (Hidden Village of Leaf) ဆီသယ်ပီးမြှပ်နှံခဲ့တယ်ထင်တယ်ခင်ဗျ....... ဘာလို့လဲဆိုတော့ Rin ရဲ့ အုတ်ဂူကို Konoha Cemetery မှာတွေ့ခဲ့ရသေးတာပဲ....... ဒါပေမယ့်လို့ Obito လို အသုံးအဆောင်တွေပဲမြုပ်နှံပီး အုတ်ဂူလုပ်ထားရင်တော့ သိဝူးပေါ့နော် :-P
ပီးတော့ ဒီအပိုင်းမှာ နည်းနည်းခေါင်းစားစရာလေး တွေပါတယ်ဗျ။
ဥပမာ Rin သေသွားပေမယ့် Isobu (Three Tails) ကဘာလို့မသေသွားတာလဲဆိုမျိုးကိုပေါ့။
တချို့ကတော့ Isobu က Reborn ဖြစ်လာတာပါတဲ့။
Obito , Madara နဲ့ Zetsu ထဲကတယောက်ယောက်များက Rin သေသွားပြီးနောက်ပိုင်းမှာ သူ့ ရဲ့ ခန္ဓာကိုယ်ကို တခုခုလုပ်ခဲ့လို့များလား၊ ဒါမှမဟုတ် 3 tails ကို seal လိုက်တာဟာ Madara ရဲ့လိမ်ဆင်ကြီးပဲလား၊ Madara က Seal လုပ်ခဲ့တာလားလို့တော့တိတိကျကျတော့မပြောနိုင်သေးပါဘူး အထင်အမြင်ပဲရှိပါသေးတယ်
သိရင်လဲထောက်ပြကြပါဦးနော်ヅ
နောက်တော့ Isobu (Three Tails) က ပြန်ပေါ်လာပြီး Yagura (Fourth Mizukage) က Seal ခဲ့တယ်တဲ့ခင်ဗျ...... တခြားနည်းပြောရရင် Isobu (Three Tails) Jinchuriki နောက်တစ်ယောက် ဖြစ်လာခဲ့တယ်လို့ပေါ့ဗျာ......
Three Tails နဲ့ သူ့ Jinchuriki တွေနဲ့ဘာတွေပတ်သတ်လဲဆိုတဲ့ အကြောင်းကို တိတိကျကျဘူမှသိပ်မသိပါဝူး ဒါကြောင့်ကျနော်လည်သိပါဝူး...... :-P
ဒါကြောင့် အကြောင်းအရင်းကိုနောက်ပိုင်း Anime Episode တွေမှာ မရှင်းပြရင်တော့ Japan သွားပီး Masashi Kishimoto နဲ့ထိပ်တိုက်သွားမေးမှရမယ်ထင်တယ်နော်..... :-P :-P
(#PS : Three tails နဲ့ပတ်သတ်တဲ့အကြောင်းကို ဖတ်ရတာခေါင်းတောင်မူးနေလောက်ပီထင်တယ်......
နောက်ကျအပြင်မှာ အနော့်ကိုတွေ့ရင်လှမ်းခေါ်သိရား တခုခုပြန် ဝယ်ကျွေးပါ့မယ် :-P :-P :-P )
> Jutsu & Abilities
★ Medical Jutsu
Rin ဟာ Medical-nin ဖြစ်တဲ့အတွက် သူမရဲ့ Duty ကတော့ Missions တွေမှာ Team-mates တွေ ဒဏ်ရာရင်ပဲဖြစ်ဖြစ် ထိခိုက်မိရင်ပဲဖြစ်ဖြစ် ကုသပေးဖို့ပဲဖြစ်ပါတယ်။
နောက်တနည်းပြောရရင်တော့ Supporter ပေါ့နော်.......
Rin ကသူ့အသက်အရွယ်နဲ့စာရင်တော့ Medical Jutsu ကိုတော်တော်လေး ကျွမ်းကျင်တယ်လို့ပြောလို့ရတယ်ခင်ဗျ။
ဘာလို့လဲဆိုတော့က Kannabi Bridge ကိုဖျက်စီးရမယ့် Mission မှာ Kakashi ရဲ့ပျက်နေတဲ့ ညာဘက်မျက်လုံးကို Obito ရဲ့မျက်လုံးနဲ့ အစားထိုးပီးကုနိုင်သွားတာကိုပဲကြည့်ပါ.....
Misson အတွင်း ရန်သူတွေခနနေ လာတော့မယ့်အချိန်မှာ လျင်လျင်မြန်မြန် အစားထိုးကုသလိုက်သွားနိုင်တာကြောင့် Rin ရဲ့ Skill ကတော်တော်လေးကောင်းတယ်ဆိုတာကတော့ အသေအချာပါပဲ။
အဲ Taijutsu နဲ့ပတ်ပတ်ပီးပြောရရင်တော့ Rin ဟာ Basic Taijutsu ကို Minato ရဲ့ Genin Test မှာ Bell တလုံးကိုတောင် ရယူနိုင်ခဲ့တာကိုတွေ့ရမှာပါ။
Rin့ မှာ အခြား Jutsu တွေက ရှိကောင်းရှိနိုင်ပေမယ့် Anime မှာကော Manga မှာကောမပြခဲ့တဲ့အတွက် ကျနော်လည်း မသိပါဝူး......:-P
ဒါကြောင့် Jutsu & Abilities အပိုင်းကို ဒီမှာပဲရပ်နားပါရစေ ခင်ဗျ။
ကဲနောက်တခုကိုကြည့်ကြရအောင်....... :-P
> Kakashi's Perfect Susanoo
4th Shinobi World War အတွင်း Kaguya Otsutsuki ရဲ့တိုက်ခိုက်မှုကြောင့် Obito သေသွားတဲ့အခါမှာတော့ afterlife.... နောက်ဘဝလို့ပဲခေါ်ရမလားမသိတဲ့ဆီကိုရောက်သွားတဲ့အခါမှာတော့ Rin ကတော့တွေ့တွေ့ချင်းမှာပဲ Obito ကိုသူစောင့်နေတဲ့အကြောင်းပြောခဲ့ပါတယ်။
Obito ကလည်းသူ့ကို အကြာကြီးစောင့်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ပြောပီး တနေ့ Hokage ဖြစ်စေရမယ်လို့ ကတိပေးခဲ့တာကို မလုပ်နိုင်ခဲ့တဲ့ အတွက် တောင်းပန်ဖို့လုပ်ပေမယ့် စကားမဆုံးခင်မှာတင် Rin က အဆင်ပြေပါတယ် အကောင်းဆုံးကို ကြိုးစားခဲ့တာပဲ လို့ပြောခဲ့ပါတယ်။
Rin ဟာ Obito ရဲ့လက်ကိုဆွဲကိုင် ပီးတော့ သူအမြဲစောင့်ကြည့် နေပါတယ် ဆိုတဲ့အကြောင်းပြောပီး အခြားကို သွားကြရအောင် လို့ဖိတ်ခေါ်ခဲ့ပေမယ့် Obito ဟာ Naruto, Sasuke, Sakura တို့နဲ့အတူတူ Kaguya Otsutsuki ကိုတိုက်ခိုက်နေတဲ့ Kakashi ကို Battle အတွင်းမှာ တခုခုပေးပီးကူညီချင်နေတဲ့အတွက် Rin နဲ့အတူတူထွက်မသွားခင်မှာ နောက်ထပ်အချိန်နည်းနည်းလောက် စောင့်ပါလားလို့မေးခဲ့တာကိုတွေ့ရမှာပါ။
ပီးတော့ Obito ဟာ Rin ရဲ့ Chakara လက်ကျန်နဲ့ သူ့ရဲ့ Chakara လက်ကျန်တို့ကိုပေါင်းပီး Living World ဆီကိုသူ့ကိုယ်သူ Kamui နဲ့ Templot လုပ်ပီးတော့ သူ့ရဲ့ MS (Mangekyo Sharingan) ကို Kakashi ကို လက်ဆောင်ဆိုပီး ပေးခဲ့ပါတော့တယ်။
ဒီလိုနဲ့ Kakashi တယောက် ယာယီအနေနဲ့ Susanoo သုံးခဲ့ပါပီ။ (Kakashi ရဲ့ Susanoo ကိုတော့ Manga ထဲမှာ ရွှေရောင်နဲ့ ငွေရောင်ရှိတဲ့ပုံနဲ့မြင်ခဲ့ရပီး အတိအကျကိုတော့ Anime ထွက်မှ သိရမှာပါ )
Obito ဟာ Kakashi ကို MS (Mangekyo Sharingan) ပေးပီးတာနဲ့မကြာပါဘူး Rin စောင့်နေတယ်ပြောပီး Afterlife ကိုပြန်သွားခဲ့ပါတယ်။
ဒါနဲ့ရှိသမျှ ကျနော်လည်း Rin ပါတဲ့နေရာတိုင်းရေးပြိုက်တာ Obito Review တို့ Kakashi Review တို့တောင်ဖြစ်တော့မယ် :-P
ကဲကဲ........ နောက်တခုကိုဆက်လိုက်ကြရအောင် ヅ
> Response of Rin's Death
Rin သေသွားခဲ့တဲ့ နောက်ဆက်တွဲအကျိုးဆက်ကို အခြားသူတွေထက် Obito နဲ့ Kakashi တို့ကပိုပီး အများဆုံးခံစားခဲ့ရပါတယ်လို့ထင်ပါတယ်။
အများဆုံးကတော့ Obito ပေါ့နော်။
ဒါပေမယ့် Kakashi ဖြစ်ခဲ့တာလေးကို အရင်ဆုံးပြောပြပေး သွားပါမယ်။
ကျနော်ကတော့ Kakashi ဟာ Obito ပီးရင် Rin သေဆုံးတဲ့အပေါ် ဒုတိယအများဆုံးခံစားရတဲ့သူလို့တော့ ထင်တယ်ခင်ဗျ။
Rin က Kakashi ရဲ့ Chidori နဲ့ထိုးမိပီး မသေခင်လေးမှာ သူ့နာမည်ကိုတိုးတိုးလေးနဲ့ တလုံးချင်းပြောခဲ့တာက Kakashi ကိုတုန်လှုပ်သွားစေတဲ့အပြင် နောက်ပိုင်းမှာလည်း အိပ်မက်ထဲမှာပါမက်ခဲ့တဲ့အခါမှာလည်း တော်တော်လေးကိုကြောက်လန့်ပီး အိပ်ရာကနိုးခဲ့ပီး ကိုယ့်ကိုယ်ကိုလည်း အပြစ်ရှိတယ်လို့ထင်ခဲ့စေပါတယ်။
နောက်ပီး Rin သေခဲ့ကတည်းက Kakashi ဟာ Rin ရဲ့အုတ်ဂူဆီကို ANBU Mission အတွင်းမှာတောင် ပုံမှန်လာလေ့ရှိပီး အုတ်ဂူလေးကိုသန့်ရှင်းပေး၊ ပန်းကလေးတွေချပေးခဲ့ပါတယ်࠽။
Kannabi Bridge ကိုဖျက်စီးရမယ့် Mission မှာ အခြားသူတွေထင်ခဲ့သလို Iwa-nin (Iwagakure Shinobi) ဖြစ်တဲ့ Kakko ရဲ့ Earth Style: Rock Breaker (Doton: Iwayado Kuzushi) Jutsu ကြောင့်သေပီလို့ထင်ခဲ့တဲ့ Obito ဟာ Madara ကြောင့် သေရွာကနေပြန်ရှင်ခဲ့ပီး သူချစ်တဲ့သူ၊ သူ့အပေါ်ဂရုစိုက်တဲ့သူဖြစ်တဲ့ Rin သေဆုံးတာကိုမြင်ခဲ့တဲ့အခါမှာတော့ MS (Mangekyo Sharingan) ပွင့်ခဲ့တဲ့အထိစိတ်ထိခိုက်ခဲ့ပါတယ်။
ပီးတော Obito ဟာ ကမ္ဘာကိုပြန်လည်ဖန်တီးဖို့ ဆုံးဖြတ်ချက်ချခဲ့ပီး Madara ရဲ့ Eye of The Moon Plan (Infinite Tsukuyomi) ကိုဖြစ်မြောက်အောင်ကြိုးစားရင်း ကြိုးစားရင်း Dark Side ဆီရောက်ခဲ့ပါတော့တယ်။
Rin ဟာ Obito အတွက်တော့သူ့ရဲ့လမ်းပြကြယ်လေး၊ ဘဝရဲ့ မီးအိမ်ရှင်လေး လိုမျိုးပါ။
(သီချင်းနဲ့မရောလိုက်နဲ့နော် နည်းနည်းကဗျာဆန်ကြည့်တာ ရမလားလို့ :-P :-P :-P )
ကဲကဲ........ Rin Review ကိုတော့ဒီမျှနဲ့ပဲရပ်နားပါရစေ။
ကျနော်တို့ MNGA ကိုဆက်လက်စောင့်ကြည့်ပါဦးလို့ပြောကြားရင်း အမှားအယွင်းလေးပါတယ်ဖြစ်ဖြစ် လိုအပ်တာပဲရှိတာဖြစ်ဖြစ် ခွင့်လွှတ်သည်းခံ ထောက်ပြပေးကြပါဦးခင်ဗျ ..... ヅ
Part_1: https://m.facebook.com/story.php?story_fbid=1676618172596639&id=1485728061685652&fs=0
Part_2: https://m.facebook.com/story.php?story_fbid=1678649275726862&id=1485728061685652&fs=0
Part_3: https://m.facebook.com/story.php?story_fbid=1680156445576145&id=1485728061685652&fs=0
Part_4: https://m.facebook.com/story.php?story_fbid=1683089518616171&id=1485728061685652&fs=0
Arigatou for your support. (^_^)
"You may be RIGHT and I may be WRONG , but together we can find the TRUTH"
လေးစားစွာဖြင့် #Nagato
Birthday : November 15
Gender : Female
Blood Type : A
Team : Team Minato
Clan : Nohara Clan
Classification : Medical-nin
: Three Tails Jinchuriki

No comments:
Post a Comment