Sunday, January 24, 2016

Uchiha Shisui Review



Name               - Uchiha Shisui
Birthdate         - 19 October
Blood type      - A
Nature             - Fire Release,
                            Wind Release,
                            Lightning Release,
                            Yin Release


Uchiha Shisui ဆိုတာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားနာမည်တစ်ခုပါ။
 Naruto Ultimate Ninja Storm Revolution ဆော့ဖူးတဲ့သူတွေဆိုသူ့အကြောင်းပိုသိကြမှာပါ။ :-)
Uchiha Shisui ဟာ Uchiha clan ကမွေးဖွားခဲ့တဲ့ Konohagakure ရဲ့ထိပ်တန်း shinobi

တစ်ဦးပါ(Uchiha shisui ဆိုမှတော့ Uchiha clan ကပေါ့ :3 )။
Third hokage(Sarutobi Hiruzen) ရဲ့လက် အောက်မှာ Anbu အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး Shinobi world မှာတော့ Shisui of the Body Flicker ဆိုပြီးနာမည်ကြီးခဲ့ပါတယ်။
သူ့အကြောင်းလေးတွေနှံ့နှံ့စပ်စပ်ပြောကြရအောင်...။ :-)

-----------------------------------


Appearance :

Shisui ဟာသူ့ရဲ့ဘိုးဘေးဖြစ်တဲ့ Uchiha kagami
နဲ့တော်တော်လေးဆင်ပါတယ်။
Shisui မှာနက်မှောင်ပြီး မသပ်မရပ်ဖြစ်နေတဲ့ ဆံပင်တိုတို့ရှိပြီးသူ့ရဲ့နှာခေါင်းဟာအနည်းငယ်ကြီးပါတယ်(ဝါသနာကြောင့်လားမပြောတတ် :P )။သူ့ရဲ့မျက်တောင်မွှေးတွေဟာနက်မှောင်နေပြီးထောင့်စွန်းတစ်ဖက်စီမှာအပေါ်ကိုချွန်တက်နေတာတွေ့ရမှာပါ။Uchiha တွေရဲ့ဝတ်စုံဖြစ်တဲ့ကော်လာအထောင်နဲ့ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်လေ့ရှိပြီး သူ့ရဲ့ညာဘက်ပုခုံးရဲ့အနောက်ဘက်မှာတော့ Tanto လေးတစ်ချောင်းကိုလွယ်ထားပါတယ်။
အဲဒီ tanto ကိုထည့်ဖို့အတွက်တော့ စလွယ်ပုံစံအရာကို အင်္ကျီပေါ်ကနေရင်ဘတ်တစ်လျှောက်ဝတ်ဆင်ထားတာကိုတွေ့မြင်နိုင်မှာပါ။
ပုံမှန် mission တွေလုပ်တဲ့အခါမျိုးမှာတော့ konoha-nin တွေရဲ့ uniform ကိုသာဝတ်ဆင်တတ်ပါတယ်။အကျဉ်းချုပ်ပြောရရင်တော့ Shisui ရဲ့ရုပ်သွင်ကချောတယ်လို့ပြောလို့ရပြီးဝတ်ပုံစားပုံကတော့သာမန်ပါပဲ။
ဒါတွေက shisui ရဲ့ပုံပန်းသွင်ပြင်ပါ။

 -----------------------------------

Pesonality :

Shisui ဟာ Uchiha Itachi နဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်ပြီး Itachi ကအကိုတစ်ယောက်လိုခင်မင်ရတဲ့သူပါ။
လူသိမခံဘဲငြိမ်းချမ်းရေးကိုတိတ်တိတ်ကလေးအမှောင်ထဲကနေကာကွယ်ြခင်းဟာတကယ့် Shinobi တွေရဲ့အမှတ်အသားတစ်ခုလို့ Shisui ကခံယူထားပြီး Itachi ကိုလဲအဲလိုသွန်သင်ဆုံးမလေ့ရှိပါတယ်။
သူဟာ Clan အပေါ်သစ္စာရှိပြီးတာဝန်ကျေတာကြောင့် Shisui ကို clan တစ်ခုလုံးက ယုံကြည်အားထားကြ ပါတယ်။
သူ့ကိုယုံကြည်လွန်းလို့ Konoha Miliatary Police Force(Uchihaတွေရဲ့အပိုင်)ကတောင် Itachi ကိုပြန်ပြီး spy လုပ်ဖို့စေလွှတ်ထားခဲ့တာပါ။
ဒီလောက်ဆို Shisui အပေါ် Uchiha clan ရဲ့ယုံကြည်မှုကိုခန့်မှန်းလို့ရပြီပေါ့။
Shisui ဟာ Uchiha clan အပေါ်သစ္စာရှိတယ် ဆို​ပေမယ့်လဲမိမိရွာရဲ့အေးချမ်းတည်ငြိမ်ရေး၊ရွာကောင်းစားရေးတို့ကိုပိုပြီးအလေးထားသူပါ(ဒါကို Uchiha clan ဝင်တွေမသိခဲ့ :3 )။
သူဟာဘယ်လောက်ထိရွာကိုချစ်စိတ်ပြင်းလဲဆို Uchiha clan ဝင်တွေမှာကိုယ်အရမ်းချစ်ခင်ရတဲ့ သူသေဆုံးတဲ့အခါ Tobirama ပြောခဲ့သလို Curse of hatred(Jutsu မဟုတ်ပါ)ဆိုတဲ့မုန်းတီးစိတ်တွေ ဝင်လာပြီး Sharingan ဟာလဲတပြိုင်နက် ထွက်ပေါ်လာပါတယ်။
သို့ပေမယ့် Shisui မှာတော့ Mangekyō Sharingan ပွင့်ခဲ့သည့်တိုင် curse of hatred ရဲ့လွှမ်းမိုးခံရခြင်းမရှိခဲ့ပါဘူး။ရွာရဲ့ငြိမ်းချမ်းရေးအတွက်ဆိုကိုယ့်ရဲ့ Clan အပေါ်ကိုတောင် Genjutsu နဲ့ထိန်းချုပ်ဖို့ဝန်မလေးခဲ့တဲ့သူပါ။
ဒါပေမယ့် Shimura Danzo ဟာ Shisui ရဲ့ညာဘက်မျက်လုံးကိုချောင်ပိတ်လုယူခဲ့တာကြောင့်ဒီအကြံအစည်ပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့ဘယ်ဘက်မျက်လုံးကို Danzo ကထပ်ပြီးလာ ယူနိုင်တာကိုသိတာကြောင့်သူ့ဘယ်ဘက်မျက်လုံးကို Itachi ထံအပ်ခဲ့ပြီးရွာကိုကာကွယ်ဖို့လဲမှာခဲ့ပါတယ်။
အဲ့လိုအပ်နှံခဲ့လို့လဲစိတ်ချစွာအပြုံးနဲ့သေသွားနိုင်ခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကိုမသမာသူတွေလက်ထဲကိုရောက်မသွားဖို့အတွက်ရည်ရွယ်ပြီးမိမိရဲ့ရုပ်ကလာပ်ကိုအစရှာမရအောင်လဲဖျောက်ဖျက်ပစ်ခဲ့ပါသေးတယ်(ကွီးရယ် TwT )။
ဒါ့ကြောင့် Fourth shinobi world war မှာ Kabuto တစ်ယောက် Edo tensei နဲ့ Shisui ကိုဆင့်ခေါ်ချင်ခဲ့ပေမယ့်လဲအစအနတောင်ရှာမတွေ့တဲ့အတွက်မအောင်မြင်ခဲ့ပါဘူး။
Shisui ရဲ့ခံယူချက်နဲ့ရည်မှန်းချက်တွေဟာ Naruto နဲ့အတော်လေးတူတယ်လို့ Itachi ရဲ့ပြောပြချက်အရသိခဲ့ရပါတယ်။
Shisui ဟာတစ်ခါတစ်ရံရွှတ်နောက်နောက်​ ​နေတတ်ပြီးမိသားစုဆိုတဲ့အယူအစကိုလဲအလွန်အလေးထားခဲ့သူပါ။
Sasuke နဲ့ Itachi တို့ရဲ့ relationship လေးကိုအလွန်သဘောကျနေတတ်ပြီးအဲ့လိုသံယောဇဉ်တွေနဲ့မိသားစုတွေမပျက်စီးစေရဘူးလို့ခံယူထားပါသတဲ့။
Shisui ဟာလူသတ်ရတာကိုမနှစ်မျို့တဲ့သူဖြစ်ပြီး တတ်နိုင်သလောက်မသေစေနိုင်တဲ့နည်းလမ်းတွေသာသုံးပြီးတိုက်ခိုက်တတ်ပါတယ်။
Kirigakure က Ao တို့အဖွဲ့နဲ့တွေ့တုန်းကဆို အသေသတ်လို့ရခဲ့ပေမယ့် Genjutsu သုံးပြီးတော့သာခြောက်လှန့်လွှတ်ခဲ့ပါတယ်။
သူ့မျက်လုံးကို Danzo လုယူခဲ့တုန်းကလဲ Danzo ကိုမသတ်ဘဲ Genjutsu နဲ့သာပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။(ဂရုဏာရှင်ကြီး ╥﹏╥ )
ကဲ...ဒီလောက်ဆို Shisui ရဲ့စိတ်နေစိတ်ထားအကြောင်းလဲပြည့်စုံပြီလို့ထင်ပါတယ်။သူဟာသနားကြင်နာစိတ်၊အနစ်နာခံလိုစိတ်၊ပျော်ပျော်နေတတ်တဲ့စိတ်၊ငြိမ်းချမ်းရေးကိုလိုလားတဲ့စိတ်ရှိသူတစ်ဦးဖြစ်ပြီးရွာကောင်းစားရေးအတွက်ကိုလဲအမြဲတစေဦးစားပေးတတ်သူပါ။



ဒီမှာတော့ Shisui ရဲ့ Jutsu တွေအကြောင်းရှင်းပြသွားပေးပါမယ်။
Jutsu ဆိုတဲ့နေရာမှာသူ့ရဲ့ Sharingan နဲ့ပတ်သက်တဲ့ ability တွေမပါဘဲသုံးတဲ့ Jutsu တွေကိုသာရည်ညွှန်းပါတယ်။
Shisui ရဲ့Sharingan နဲ့ abillityတွေအကြောင်းကိုတော့နောက်မှရှင်းပြပါ့မယ်။
 Shisui ဆိုတာ Uchiha clan ဝင်တွေကိုယ်တိုင်​ ရမီအရှိဆုံးလို့သတ်မှတ်ထားတဲ့ထူးချွန်တဲ့ Shinobi တစ်ဦးပါ။
Danzo ကတောင်မှ Shisui ဟာအဲ့ဒီအချိန်အခါက Strongest Uchiha ရယ်လို့ချီးမွမ်းထောပနာပြုခဲ့ရတာပါ။(wow (⊙_⊙) )
သူ့ရဲ့ပင်ကိုယ်စွမ်းရည်ထက်မြက်မှုတွေကြောင့် Konoha မှာ High-rank squad တစ်ခုရဲ့ Captain လဲဖြစ်ခဲ့ပါတယ်။
သူ့ရဲ့စွမ်းရည်တွေဟာဘယ်လောက်ထိကျော်ကြားခဲ့သလဲဆို Kiri-nin squad တစ်ခုလုံးဟာ တစ်ဖက်ရန်သူထဲမှာ Shisui ပါတယ်လို့သိတာနဲ့ပြန်ပြီးတပ်ဆုတ်ပြေးကြတဲ့အထိပါပဲ။
ဒီလိုအစွမ်းထက်တဲ့ Shisui တစ်ယောက်ဘယ်လို Jutsu တွေအသုံးပြုခဲ့လဲကြည့်ကြရအောင်။



Body Flicker Technique(Shunshin no Jutsu) •Rank - D-rank

Body Flicker Technique ဆိုတာအရှိန်နှုန်းမြင့်စွာလှုပ်ရှားရတဲ့ Jutsu တစ်ခုပါ။
ဒီ jutsu ကိုအသုံးပြုခြင်းကြောင့် user ဟာတော်တော်ဝေးတဲ့အကွာအဝေးကိုလိုက်မမီနိုင်တဲ့အလျင်နဲ့ရုတ်ချင်းသွားနိုင်ပါတယ်။
ဘေးလူတွေရဲ့မျက်လုံးထဲမှာတော့ teleport လုပ်သွားသလားတောင်ထင်ရပါတဲ့အထိပါပဲ။
ဒီ jutsu ကိုသုံးဖို့အတွက် user ဟာ body တစ်ခုလုံးကို Chakara ဖြည့်တင်းရပြီးအဲ့လိုဖြည့်တင်းပြီပြီ ဆိုရင်တော့အလွန်လျင်မြန်တဲ့အရှိန်နဲ့လိုရာကိုသွားနိုင်ပါပြီ။သွားလိုတဲ့အကွာအဝေးကိုမူတည်ပြီးတော့ Chakara ကိုလိုသလောက်ချိန်ပြီးသုံးရပါတယ်။
Shunshin no jutsu ဟာ Shinobi တော်တော်များများနဲ့အကျွမ်းတဝင်ရှိပြီးဒီ jutsu ကိုသုံးတဲ့အခါတော်တော်များများက smoke bomb လိုအရာမျိုးတွေကိုသုံးပြီး movement ကိုဖျောက်တတ်ကြပါသတဲ့။ဒါပေမယ့်တချို့ကတော့ကိုယ်ကျွမ်းရင်ရာ material တွေသုံးပြီးကိုယ်ပိုင်ပုံစံ(ဥပမာ - Water Body Flicker,Leaf Body Flicker)တွေဖြင့်အသုံးပြုကြပါတယ်။
အဲ့လို ninja အများအတွက်သာမန် Jutsu တစ်ခုဖြစ်ပေမယ့်လဲ Shisui အတွက်တော့သာမန်မဟုတ်ပါဘူး။
Shisui ဟာ Body Flicker Jutsu ကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပြီးမျက်စိတစ်မှိတ်အတွင်းမှာတင်ဘာသဲလွန်စမှမကျန်ဘဲအစရှာမရအောင်ပျောက်သွားတဲ့ထိကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့သူပါ။
ဒီ Jutsu ကို Itachi နဲ့အရေးကြီးဆွေးနွေးဖို့ရှိတဲ့ အခါမှာပဲဖြစ်ဖြစ်၊မျက်ခြည်ဖြတ်ဖို့အတွက်ပဲဖြစ်ဖြစ်​ လူတွေကြားထဲကနေတိတ်တဆိတ်ခြေရာဖျောက်ဖို့ မကြာခဏသုံးလေ့ရှိပါတယ်။
တိုက်ပွဲတွေမှာဆိုရင်တော့ဒီ jutsu ကိုသုံးပြီးရန်သူဘက်ကပစ်လွှတ်တဲ့လက်နက်တွေနဲ့ရန်သူရဲ့တိုက်ခိုက်မှုတွေကိုလိုက်မမီနိုင်တဲ့ Speed နဲ့ရှောင်ရှားနိုင်တာကြောင့် Shisui ဟာသူ့ခေတ်သူ့အခါက Shisui of the body flicker(Shunshin no Shisui)ရယ်လို့နာမည်ကြီးခဲ့ပြီး Shinobi အများကဖိန့်ဖိန့်တုန်ကြောက်ရွံ့ခဲ့ရတာပါ။



Fire release : Great Fireball Technique(Katon : Gokakyū no Jutsu)
•Rank - C-rank

 ဒီ Jutsu ကိုတော့ Fan တော်တော်များများသိကြမှာပါ။
Uchiha clan ရဲ့ trademark jutsu (သို့မဟုတ်) အရွယ်ရောက်မရောက်စမ်းသပ်တဲ့ jutsu ဆိုလဲမမှားပါဘူး။
ဒီ Jutsu ကိုသုံးဖို့အတွက် user ဟာ Chakara အများအပြားကိုခန္ဓာကိုယ်မှာစုဆောင်းပြီးမီးအသွင်သို့ပြောင်းကာပါးစပ်မှမှုတ်လွှတ်ရပါတယ်။
အဲ့လိုမှုတ်လွှတ်တဲ့အခါအလွန်ကြီးမားတဲ့မီးလုံးကြီးအဖြစ်ထွက်ပေါ်လာပြီး target ကိုဝါးမျိုသွားကာမြေပြင်မှာချိုင့်ခွက်ကြီးတွေကျန်ခဲ့တဲ့ထိပြင်းထန်ပါတယ်။
ဒီ Jutsu ကိုအသုံးပြုဖို့သာမန်ထက်ပိုပြီး Chakara လိုတာကြောင့် Genin အဆင့်နဲ့ဒီ jutsu ကိုအသုံးပြုနိုင်သူအလွန်ရှားပါတယ်။
Shisui ရဲ့ Great fireball technique အစွမ်းထက်ပုံကတော့ Anbu level ရှိတဲ့ Water release jutsu နဲ့တောင်တန်းတူယှဉ်နိုင်ပါသတဲ့။



Summoning Technique : Crow
•Rank - C-rank

 ဒီ Jutsu ကိုတော့ series ထဲမှာ Shisui အပြင် Itachi လဲအသုံးပြုခဲ့ပါတယ်။
ဒီ jutsu ကို Sharingan ရဲ့ ability တစ်ခုလို့တချို့ fan တွေထင်နေနိုင်ပေမယ့်မဟုတ်ပါဘူး။
ဒါဟာ Summoning jutsu တစ်မျိုးပဲဖြစ်ပြီးတခြား summoning animal တွေလိုပဲ contract လုပ်ထားရပါတယ်။
ထူးခြားချက်တစ်ခုကတခြား Summoning တွေလို seal တွေသုံးဖို့မလိုပဲစိတ်ကတောင့်တ လိုက်တာနဲ့သုံးနိုင်တာပါပဲ။
Shisui ဟာတိုက်ပွဲတွေမှာသူ့ကိုကူညီဖို့အတွက်ဒီ ကျီးကန်းတွေကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။
Shisui အနေနဲ့ဒီကျီးကန်းတွေကိုအသုံးပြုတာ ​သေချာမတွေ့ခဲ့ရပေမယ့် Itachi ကတော့ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့တာကိုတွေ့နိုင်ပါတယ်။

-----------------------------------

Note : Shisui ဟာ Fire release,Lightning release,Wind release စတာတွေမှာအလွန်ကျွမ်းကျင်ပြီး Yin release ကိုလဲကျွမ်းကျင်စွာသုံးတတ်ပါသေးသတဲ့။
ဒါ့အပြင် Taijutsu မှာလဲအတော်အသင့်ကျွမ်းကျင်ပြီး itachi နဲ့လက်ရည်စမ်းပွဲတွေမှာလဲ အကြိမ်ပေါင်းများစွာနိုင်ခဲ့ဖူးပါတယ် :-) ။
 Ultimate Ninja Storm Revolution မှာတော့ Shisui ဟာသူ့ရဲ့ tanto မှမီးတွေကိုလခြမ်းကွေးပုံစံနဲ့ အဝေးကိုပစ်လွှတ်တဲ့ Uchiha Ryū: Higasa no Mai(Uchiha Style: Halo Dance) ဆိုတဲ့ Fire release Jutsu တစ်မျိုးကိုလဲအသုံးပြုခဲ့ပါသေးတယ်။

 -----------------------------------

ဒါတွေက Shisui အသုံးများခဲ့တဲ့ Jutsu တွေပါ။
rank တွေအရကြည့်ရင်တော့ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့်အသုံးပြုတဲ့သူအပေါ်မူတည်တယ်ဆိုတဲ့အတိုင်း Shisui ရဲ့အသုံးချတတ်မှုအောက်မှာဒီ jutsu တွေဟာကြောက်မက်ဖွယ် jutsu တွေဖြစ်သွားရပါတယ်။
ဒါတွေကငြင်းမရနိုင်တဲ့ shisui ရဲ့ပင်ကိုယ်စွမ်းရည်တွေပါပဲ။



Shisui's Dojutsu : Sharingan :

အDojutsu ဆိုတာ Eye technique တွေကိုခေါ်တာဖြစ်ပြီး Sharingan ဟာလဲ Dojutsu တွေထဲကတစ်ခုပါ။
Uchiha Clan ဝင်တစ်ယောက်ဖြစ်တဲ့အတွက် Shisui ဟာလည်း Sharingan ကိုပိုင်ဆိုင်ပါတယ်။
Shisui ဟာ Sharingan အသုံးပြုရာမှာအလွန်ကျွမ်းကျင်ပြီး Itachi ရဲ့ Sharingan ကိုလဲကောင်းကောင်းကြီးယှဉ်နိုင်ပါတယ်။
သူတို့ ၂ ယောက်ရဲ့ Sharingan အသုံးပြုမှုကအရမ်း Skill ကျပြီးကျွမ်းကျင်လို့အဲ့ဒီအချိန်အခါက Sharingan နဲ့ပတ်သက်ရင်သူတို့ ၂ ယောက်ဟာအချီးမြှောက်ခံရဆုံးပါပဲ။
Sharingan ကိုသုံးခြင်းကြောင့် Shisui ဟာ Sharingan ရဲ့ Basic Ability တွေဖြစ်တဲ့ Chakara ကိုမြင်နိုင်ခြင်း၊ လှုပ်ရှားမှုတွေကိုခန့်မှန်းနိုင်ပြီး တိကျစွာမြင်ရခြင်း၊ အကြည့်တစ်ချက်နဲ့တင်ရန်သူကို မှင်သက်သွားစေလောက်တဲ့ Genjutsu သုံးနိုင်ခြင်းစတဲ့အရာတွေကိုသုံးနိုင်ပါတယ်။
 သူ့ရဲ့ Genjutsu ဟာအစွမ်းထက်လွန်းလို့ Uchiha ရဲ့ Genjutsu အရာမှာ most powerful လို့တောင်သမုတ်ခဲ့ကြပါတယ်။
Shisui ဟာတခြားသော Powerful Sharingan user တွေကိုတောင်သူ့ရဲ့ basic genjutsu နဲ့တင်အသာလေး trap လုပ်နိုင်ပါတယ်။
Danzo လိုလူမျိုးကိုတောင် Izanagi ထုတ်သုံးရတဲ့အထိလုပ်နိုင်ခဲ့တာဆိုတော့ဘယ်လောက်ထိ powerful ဖြစ်လဲစဉ်းစားသာကြည့်ပေတော့။
ဒါ့အပြင် Shisui ဟာတော်တော်ဝေးတဲ့ ​နေရာကနေတောင်ရန်သူအများကိုတပြိုင်နက်ထဲ Genjutsu သုံးကာနှိပ်စက်နိုင်ပါသေးတယ်။
ဒါတွေဟာသူ့ရဲ့ရိုးရိုး Sharingan ပဲရှိပါသေးတယ်။
Shisui ရဲ့ Mangekyō Sharingan ကိုဆက်ပြီးလေ့လာရအောင်။



Mangekyō Sharingan :

Uchiha clan ရဲ့ Mangekyō Sharingan ထိပွင့်ခဲ့တဲ့လူနည်းစုထဲမှာ Shisui လဲတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
Shisui ရဲ့ Sharingan ဟာ Mangekyō Sharingan အဖြစ်ပြောင်းသွားတဲ့အချိန်မှာတော့သူ့ရဲ့ Tomoe ဟာအချွန်လေးဘက်နဲ့စင်္ကြာပုံသဏ္ဍာန်အဖြစ်သို့ပြောင်းသွားပြီးအလည်ကမျက်ဆံကတော့ပုံမှန်အတိုင်းသာကျန်ခဲ့ပါတယ်(ငယ်ငယ်ကကစားခဲ့ကြတဲ့တုတ်ကလေးတပ်ပြီးလေမှုတ်လိုက်ရင်လည်သွားတဲ့စင်္ကြာလေးတွေလိုပုံစံပေါ့)။
ဒီမျက်လုံးရဲ့ Ability အဖြစ် Shisui ဟာအစွမ်းအထက်ဆုံး Sharingan-based Genjutsu လို့သတ်မှတ်ထားတဲ့ Kotoamatsukami ကိုအသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် Mangekyō Sharingan ရဲ့နောက်ထပ် ability ဖြစ်တဲ့ Susanoo ကိုလဲထုတ်ကာအသုံးပြုခဲ့ပါသေးတယ်။
ဒီနှစ်ခုအကြောင်းကိုသေချာပြောကြတာပေါ့။

 -----------------------------------

•Kotoamatsukami :

Kotoamatsukami ဆိုတာအလွန် Powerful ဖြစ်ပြီးသိမ်မွေ့စွာနဲ့ရန်သူရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့ Shisui ရဲ့ Mangekyō Sharingan နဲ့မှသာသုံးနိုင်တဲ့ genjutsu ပါ။
ဒီ Technique ကိုသုံးပြီး user ဟာမိမိရဲ့မြင်ကွင်းထဲမှာရှိတဲ့မည်သူ့ကိုမဆိုအတွင်းစိတ်ထဲထိဝင်ရောက်နိုင်ပြီးထိုသူရဲ့စိတ်ကိုလိုသလိုခြယ်လှယ်နိုင်ပါတယ်။
ဘယ်လောက်ထိသေသပ်သလဲဆိုရင်ဒီ genjutsu အသုံးခံနေရသူဟာမိမိကိုယ်ကို Genjutsu အသုံးခံနေရမှန်းလုံးဝမသိဘဲမိမိစိတ်ကို control လုပ် စေခိုင်းနေသမျှတွေကိုကိုယ့်စိတ်နဲ့ကိုယ်သာလုပ်နေတယ်လို့တောင်ထင်နေရတာမျိုးပါ။
ဒါ့အပြင်ဒီ genjutsu ဟာတခြား Sharingan-base genjutsu တွေလို eye-contact လုံးဝမလိုတာကြောင့် target ကိုဘယ်အချိန်ကဘယ်လို သုံးသွားမှန်းကိုအသုံးခံရတဲ့သူရော၊ဘေးပတ်ဝန်းကျင်ကပါလုံးဝမသိလိုက်ရတာပါ။
အသုံးခံရတဲ့သူရဲ့ Chakara pathway ကိုမြင်နိုင်တဲ့သူတစ်ဦးဦးရှိမှသာ genjutsu မိနေတယ်ဆိုတာသိနိုင်မှာပါ။(wow...အမေဇင် :3 )
ဒီ jutsu ဘယ်လောက်ထိ strong ဖြစ်လဲဆိုတာကတော့ Edo Tensei Itachi ကို Kabuto ရဲ့ထိန်းချုပ်မှုအောက်ကလွတ်မြောက်အောင်လုပ်ပေးနိုင်ခဲ့တာကသက်သေပါ။
ဒါ့ကြောင့် Kotoamatsukami ဟာ Mangekyō Sharingan နဲ့အသုံးပြုတဲ့ genjutsu တွေထဲမှာ strongest လို့ပြောရင်တောင်ငြင်းစရာမရှိပါဘူး။
အဲ့လောက် Powerful ဖြစ်တဲ့ genjutsu ကို သုံးနိုင်တာကြောင့် Shisui ရဲ့မျက်လုံးတွေကို Uchiha တွေက clan ရဲ့ရတနာတစ်ခုလိုသတ်မှတ်ခဲ့ကြတာပါ။



•Shisui's Susanoo

 Ultimate Ninja Storm Revolution ဆိုတဲ့ game မှာ Ninja Escapades Special ဆိုတဲ့ Anime ရဲ့ Animation style နဲ့ရေးဆွဲထားပြီး Kishimoto ကိုယ်တိုင်Supervise လုပ်ထားတဲ့လူသိသိပ်မများတဲ့ဇာတ်လမ်းရဲ့အရေးကြီးအကြောင်းအရာတချို့ပါပါတယ်။
ဒီထဲမှာမှ Shisui နဲ့ Itachi ရဲ့နောက်ကြောင်းအနည်းငယ်ကိုလဲ Special Story အနေနဲ့ဖော်ပြထားပါတယ်။
ကဲ..ကဲ..ချော်ကုန်ပြီ။ပြောချင်တာကအဲ့ဒီ Special Story ထဲမှာတော့ Shisui Susanoo အသုံးပြုခဲ့တာကိုပါ။
Danzo နဲ့သူ့ရဲ့တပည့်တပန်းတွေဟာ Shisui ကိုချောင်ပိတ်ပြီးညာဘက်မျက်လုံးကိုလုယူပြီးတဲ့နောက်မှာတော့ Shisui ဟာထွက်ပြေးရင်းဘယ်မျက်လုံး တစ်ဖက်တည်းရဲ့ Mangekyō Sharingan နဲ့Susanoo ကိုအသုံးပြုခဲ့ပါတယ်။
Shisui ရဲ့ Susanoo ဟာအစိမ်းရောင်ဖြစ်ပြီးပုခုံး၊မျက်နှာဘေးနဲ့လက်အရှေ့ပိုင်းတို့မှာ blade တွေလိုမျိုးအချွန်အတက်တွေပါပြီး Humanoid form အဖြစ်မြင်တွေ့နိုင်ပါတယ်။
Story ထဲမှာတော့ဒီ Susanoo မှာဘာလက်နက်မှမကိုင်ထားပေမယ့် gameplay မှာတော့ဒီ Susanoo ရဲ့ညာဘက်လက်မှာ ထိပ်ပိုင်းမှာ Drill ပုံစံပါတဲ့လှံရှည်လိုလက်နက်ကို ကိုင်ဆောင်ပါတယ်။
ဒါ့အပြင် Shisui ရဲ့ Susanoo ဟာရင်ဘတ်ကနေ Susanoo : Tsukumo လို့ခေါ်တဲ့အစိမ်းရောင် Chakara-needle တွေပစ်လွှတ်တဲ့ Technique ကိုလဲအသုံးပြုနိုင်ပါသေးတယ်။



Ok...ဒါတွေကတော့ Shisui ရဲ့ Sharingan နဲ့ Mangekyō Sharingan တို့ရဲ့ Ability တွေပါ။
အဲ့လို Powerful ability တွေနဲ့ Sharingan ကို Obito ကလိုချင်ပေမယ့်လဲ Danzo ကသူလုယူထားတဲ့ Shisui ရဲ့ညာမျက်လုံးကိုမသေခင်ဖျက်စီးပစ်ခဲ့တာကြောင့်အလွန်ဒေါသဖြစ်ခဲ့ပါတယ်။
ပြီးတော့ဘယ်မျက်လုံးကလဲ Naruto ကိုယ်ထဲကို Itachi ကထည့်ပေးခဲ့ပြီးEdo tensei ဘဝနဲ့ပြန်လာတဲ့ Itachi ကဒီမျက်လုံးထည့်ထားတဲ့ ကျီးကန်းကိုပါဖျက်ဆီးပစ်ခဲ့တာမို့ Kabuto ဟာလဲကျိတ်မနိုင်ခဲမရဖြစ်ခဲ့ပါသေးတယ်(ငိငိ :3)။
ဒီလောက်ဆို Shisui ဟာသူ့ခေတ်အခါက Strongest Uchiha လို့သတ်မှတ်ခံခဲ့ရတာကို လက်ခံလို့ရလောက်ပြီထင်ပါတယ်...။



Shisui's Background :

Shisui ဟာသူ့ခေတ်အခါက Uchiha Clan ရဲ့ပါရမီအရှိခဲ့ဆုံးသူဆိုတာထပ်ပြောဖို့မလိုလောက်တော့ဘူးထင်ပါတယ်။
သူဟာ Itachi နဲ့အတူတကွကြီးပြင်းခဲ့ပြီး ညီအကိုတွေလိုခင်မင်ခဲ့ကြတာပါ။ငယ်စဉ်ကတည်းကအတူဆော့ကစားခဲ့ကြပြီးလေ့ကျင့်ရာမှာလဲအတူတူ၊လက်ရည်စမ်းပွဲတွေလဲခဏခဏ လုပ်ရင်းနေခဲ့ကြတာပါ(အဲ့ဒလောက်တောင်ချစ်ရသည်... :P )။
ဒါ့အပြင် Shisui ဟာ Itachi ရဲ့ညီဖြစ်သူ Sasuke ကိုလဲလေ့ကျင့်ရာမှာကူညီပေးခဲ့ပါသေးတယ်။
အတိတ်မှာတော့ Shisui ဟာ Ao တို့ Kiri-nin squad နဲ့ရင်ဆိုင်တွေ့ခဲ့ဖူးပြီးအလွန်ကွာဝေးတဲ့နေရာကနေထို squad ထဲကလူတချို့ကို Sharingan ရဲ့ genjutsu အောက်အတုံးအရုံးကျရောက်စေခဲ့ပါတယ်။
Ao ကသူ့ Byakugan နဲ့လှမ်းကြည့်တဲ့အခါ Shisui ရဲ့ Chakara color ကိုတွေ့ခဲ့ပြီး Shisui မှန်းသိတာကြောင့် " Uchiha Shisui ပဲ။ငါတို့နိုင်မှာမဟုတ်ဘူး။တပ်ပြန်ဆုတ်ကြမယ် "ဆိုပြီးပြန်ပြေးခဲ့ရပါတယ်။
Itachi ဟာရွာနဲ့ Clan ကြားဗျာများပြီးမူမမှန်ဖြစ်နေတာကို Uchiha တွေရိပ်မိတဲ့အခါ Itachi ကို Spy လုပ်ဖို့ Shisui ကိုတာဝန်ပေးခဲ့ပါတယ်။
ဘာလို့ဆိုတော့ Itachi ရဲ့ Anbu position ဟာ Uchiha တွေအတွက်အရမ်းအရေးပါပြီး Itachi ကသူတို့ဘက်မှာရှိနေမှသာသူတို့အစီအစဉ်တွေအဆင်ပြေမှာမို့ပါ။
ဒါပေမယ့် Shisui နဲ့ Itachi ကအလွန်ရင်းနှီးပြီးရွာနဲ့ clan ကြားပြဿနာမဖြစ်စေဖို့ဆန္ဒက ၂ ယောက်လုံးမှာရှိနေတာကိုတော့ Uchiha တွေမသိခဲ့ပါဘူး။
ရွာကသူတွေက Konoha ရွာကို Nine-tails တိုက်ခိုက်ခံခဲ့ရတာ Uchiha တွေနဲ့ပတ်သက်တယ်လို့သံသယရှိပြီးတိုးတိုးတိတ်တိတ်တစ်မျိုး၊ပေါ်ပေါ်ထင်ထင်တစ်မျိုး မယုံကြည်မှုတွေကိုဖော်ပြနေတာကြောင့် Uchiha တွေဟာတဖြည်းဖြည်းဒေါသထွက်လာရပါတယ်(သူတို့မှမလုပ်ခဲ့တာကိုး...)။
ဒီအကြောင်းတွေကို Shisui က Hiruzen(3rd Hokage)ကိုအမှန်တိုင်းပြောပြတဲ့အခါ Hiruzen ဟာသူ့မိတ်ဆွေ Uchiha Kagami ရဲ့မျိုးဆက်ဖြစ်သူ Shisui ကိုယုံကြည်တာကြောင့် Uchiha Clan ပေါ် Spy လုပ်ဖို့ခွင့်ပြုပေးခဲ့ပါတယ်။
 Uchiha clan ရဲ့ရွာကိုပုန်ကန်ပြီး အာဏာသိမ်းမယ့်အစီအစဉ်ကိုသိခဲ့ရပြီးဒီအစီအစဉ်မလုပ်ဖြစ်အောင် Uchiha တွေကိုဘယ်လိုမှတားလို့မရတော့မှန်းသိနေပေမယ့် Shisui ဟာစိတ်မပျက်ခဲ့ပါဘူး။
ဘာလို့ဆိုသူ့မှာ Kotoamatsukami ဆိုတဲ့ဝှက်ဖဲရှိနေတာကိုး။
ဒီ Genjutsu ကို Uchiha Clan ရဲ့ခေါင်းဆောင်ဖြစ်သူ Fugaku(Itachi and Sasuke's Father)အပေါ်အသုံးပြုပြီးပုန်ကန်မယ့်အစီအစဉ်ကိုအေးအေးဆေးဆေးရုတ်သိမ်းခိုင်းဖို့စီစဉ်ထားခဲ့တာပါ။
ဒါပေမယ့်ဒီ Plan ကို Uchiha တွေပေါ်မယုံကြည်မှုတွေပြည့်နှက်နေတဲ့ Danzo(Tobirama ရဲ့နောက်လိုက်ပီသချက် -_-)ရှေ့မှာပြောခဲ့တာကအမှားတစ်ခုလိုဖြစ်သွားပါတယ်။



Danzo က Uchiha ရဲ့ leader တစ်ယောက်ကိုထိန်းချုပ်လိုက်ရုံနဲ့ဒီပြဿနာကပြီးသွားမှာမဟုတ်ဘူးလို့ယူဆပြီး Shisui ဟာတစ်ချိန်ကျရင်သူ့ကိုပါ Kotoamatsumaki သုံးပြီးထိန်းချုပ်သွားလိမ့်မယ်ဆိုတဲ့အတွေးတွေကြောင့်ဒီအစီအစဉ်ကိုလက်မခံဘဲ Shisui ရဲ့မျက်လုံးတွေကိုလုယူဖို့ကြိုးစားပါတော့တယ်။
Shisui ဟာ Danzo ကို genjutsu တစ်ကွက်ထဲနဲ့မလှုပ်နိုင်အောင်အသာလေးထိန်းထားခဲ့ပေမယ့် Danzo မှာ Sharingan ရှိနေတာကိုမသိခဲ့တဲ့ Shisui အတွက်ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။
Danzo ဟာ Izanagi သုံးပြီး Shisui ရဲ့ညာမျက်လုံးကိုအငိုက်ဖမ်းကာထုတ်ယူသွားခဲ့ပါတော့တယ်။
သူ့ရဲ့ဘယ်မျက်လုံးကိုပါထပ်မယူခင်မှာ Shisui ဟာလျင်မြန်စွာထွက်ပြေးတိမ်းရှောင်ခဲ့ပြီး Naka river ရဲ့ချောက်ကမ်းပါးစွန်းမှာ Itachi နဲ့ဘယ်သူမှမသိအောင်တွေ့ခဲ့ကြပါတယ်။
 Danzo ရဲ့စကားအတိုင်း Clan leader တစ်ယောက်ကိုထိန်းချုပ်နိုင်ရုံနဲ့မပြီးသွားဘူးဆိုတာလဲမမှားဘူးလို့သံသယတွေဝင်လာခဲ့ပြီးဘာဆက်လုပ်ရမှန်းမသိဖြစ်နေခဲ့ရပါတယ်။
သူ့ဘယ်မျက်လုံးကိုလဲ Danzo ဆီထပ်ပြီးအပါမခံချင်တာကြောင့် Shisui ဟာသူ့ဘယ်ဘက်မျက်လုံးကို Itachi ထံအပ်နှံခဲ့ပြီးရွာနဲ့ Clan ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့မှာခဲ့ပါတယ်။
Shisui ဟာရွာရဲ့ပုန်ကန်မှုမှာမပါဝင်ချင်လို့ ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြောင်း Suicide note ရေးခဲ့ပေမယ့် Shisui အကြောင်းကိုမသိတဲ့ Uchiha တွေကတော့ Shisui ဟာ clan အတွက်ဆို အပြစ်မဲ့သူတွေကို ​တောင်သတ်ဖို့ဝန်မလေးသူ လို့ယုံကြည်နေကြတာကြောင့်ဒါကိုဘယ်လိုမှ လက်မခံနနိုင်ခဲ့ကြပါဘူး။
ဒါ့အပြင် Shisui ဟာသူ့မျက်လုံးကြောင့်ပြဿနာ မဖြစ်စေဖို့ Naka river ရဲ့ချောက်ကမ်းပါးပေါ်က ခုန်ချပြီးသူ့မျက်လုံးတွေပါပျက်ဆီးသွားတဲ့သဘောမျိုးသက်ရောက်အောင်လဲ Suicide note မှာရေးခဲ့ပါတယ်။
မိမိရဲ့ရုပ်ကလာပ်ကိုလဲဘယ်သူမှရှာမတွေ့အောင်လုံးဝဖျောက်ပစ်ခဲ့တာပါ။
Shisui suicide လုပ်မှာကို Itachi ကတားပေမယ့်သူ့ရဲ့မျက်လုံးတွေမရှိတော့တဲ့နောက်ပိုင်း Danzo နဲ့တခြားရန်သူတွေကြားမှာ သူဘယ်လောက်မှကြာကြာခံမှာမဟုတ်ကြောင်း၊ပြီးတော့ Itachi အတွက်နောက်ဆုံးလက်ဆောင် အနေနဲ့သူ့ရဲ့သေဆုံးမှုကြောင့် Itachi ကို Mangekyō Sharingan ပွင့်စေချင်တဲ့အကြောင်းပြောခဲ့ပြီး Naka river ရဲ့ချောက်ကမ်းပါးကခုန်ချကာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့ပါတယ်(ကွီးရယ်...T^T )။
သူဖြစ်စေချင်သလိုပဲသူ့ရဲ့သေဆုံးမှုဟာ Itachi ရဲ့ Mangekyō Sharingan ကိုပွင့်စေခဲ့ပါတယ်...။



Shisui သေဆုံးခြင်းရဲ့အကျိုးဆက်များ :

Shisui ရဲ့စိတ်ဓာတ်နဲ့သွန်သင်ဆုံးမမှုတွေဟာ Shisui အသက်ရှင်နေစဉ်ကရောသေဆုံးပြီးသွားတော့ရော Itachi အပေါ်လွှမ်းမိုးနေခဲ့ပြီး "True Shinobi ဆိုတာကိုယ်ကျိုးစွန့်ပြီးရွာကိုအမှောင်ထဲကကာကွယ်ရတယ်"ဆိုတဲ့အယူအဆကတော့ Itachi ရဲ့နောက်ပိုင်းအပြုအမူတွေအတွက်လွှမ်းမိုးမှုကြီးတစ်ခုဖြစ်ခဲ့ရပါတယ်။
Shisui ဟာမိမိရဲ့ရုပ်ကလာပ်ကိုဖျောက်ဖျက်ရာမှာအောင်မြင်ခဲ့တဲ့အတွက် Fourth war မှာ Kabuto ဟာ Shisui ကို Edo tensei လုပ်ဖို့မအောင်မြင်ခဲ့ပါဘူး။
 Shisui ဟာကိုယ့်စိတ်နဲ့ကိုယ် suicide လုပ်ကြောင်းရေးခဲ့ပေမယ့် Uchiha တွေကတော့ Shisui လိုလူမျိုးကဒါမျိုးလုံးဝလုပ်မှာမဟုတ်ဘူးလို့ယုံကြည်ပြီးဒါဟာ Itachi က Sharingan နဲ့ထိန်းချုပ်ပြီး Suicide note ကိုအတင်းရေးခိုင်းပြီး Shisui ကိုသတ်ပစ်ခဲ့တာလို့တစ်ထစ်ချယူဆထားကြပါတယ်။
ဒီလိုသံသယစကားတွေကိုအခွင့်ကောင်းယူပြီး Itachi ကသူ့ရဲ့ Mangekyō Sharingan ပွင့်ဖို့ Shisui ကိုသတ်ခဲ့တယ်လို့ Sasuke ကိုလိမ်ပြောခဲ့ပါတယ်။
ဒါမှသူ့ကို Sasuke ကမုန်းတီးပြီးသူ့အပြစ်ကြွေးတွေကို Sasuke ရဲ့လက်မှာသူ့အသက်နဲ့ရင်းပြီး ပြပန်ပေးဆပ်နိုင်မှာမို့လို့ပါ။
 Shisui သေသွားပေမယ့်သူ့မျက်လုံးတွေကတော့ ရှိနေပါသေးတယ်။
ညာမျက်လုံးကိုသုံးပြီး Danzo တစ်ယောက်လူမိုက်ကြီးလုပ်နေပြီးတော့ ဘယ်မျက်လုံးကိုတော့ Itachi ဟာ Shisui အပေါ်လေးစားတဲ့စိတ်နဲ့အသုံးမပြုဘဲသိမ်းထားခဲ့ပါတယ်။Sasuke နဲ့ battle မတိုင်ခင်မှာတော့ Itachi ဟာ Kotoamatsukami စီရင်ထားတဲ့ Shisui ရဲ့ Sharingan တပ်ဆင်ထားတဲ့ကျီးကန်းကို Naruto ကိုယ်ထဲထည့်သွင်းအပ်နှံခဲ့ပါတယ်။
Danzo ဟာသူမသေခင်မှာ Obito လက်ထဲဒီညာမျက်လုံးကိုအပါမခံချင်တဲ့အတွက်သူနဲ့အတူဖျက်ဆီးပစ်ခဲ့ပါတယ်။
ဘယ်မျက်လုံးကိုတော့ Kotoamatsukami သုံးခံလိုက်ရတဲ့ Edo tensei Itachi ဟာဒီ genjutsu ကိုနောက်ဆယ်စုနှစ်တစ်စုလောက်ကြာတော့မှသုံးနိုင်တော့မှာမို့လို့ဒီကြားထဲသူတစ်ပါးလက်ထဲရောက်သွားရင်အန္တရာယ်များတဲ့အတွက်ဖျက်ဆီးပစ်ခဲ့ပါတယ်။
နောက်ပြီး Naruto မှာ Shisui လိုစိတ်ဓာတ်နဲ့ခံယူချက်တွေရှိလို့ Kotoamatsukami မရှိလဲ Sasuke ကိုတားနိုင်မယ်လို့ယုံကြည်ကြောင်း ​ပြောသွားခဲ့ပါသေးတယ်။



အချုပ်​အ​နေနဲ့​ပြောရရင်​ Shisui ဟာအလွန်​သ​ဘောထားပြည့်​ဝပြီးထူးချွန်​တဲ့သူတစ်​ဦးဖြစ်​ခဲ့​ပေမယ့်​ကံအ​ကြောင်းမလှလို့ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ဘဝကိုအဆုံးသတ်​ခဲ့ရပါတယ်​။
သူ့ရဲ့ရွာကိုချစ်​စိတ်​၊စွန့်​လွှတ်​အနစ်​နာခံလိုစိတ်​၊မိတ်​​ဆွေ​တွေအ​ပေါ်ထားတဲ့ သံ​ယောဇဉ်​၊အပြစ်​မဲ့သူ​တွေရဲ့အသက်​​တွေကိုတန်​ဖိုးထားတဲ့စိတ်​၊စတာ​တွေကအတုယူ​လေးစားဖို့အလွန်​​ကောင်း​ကြောင်း​ပြောရင်း Shisui review ကိုဒီမှာပဲအဆုံးသတ်​ပါရ​စေ။
အခုအချိန်​ထိအား​ပေးလာလို့အရမ်း​ကျေးဇူးတင်​ပြီး​နောက်​ကိုလဲအား​ပေးကြပါဦးလို့ ^^။

 Shisui review ပြီး...။
#itachi_senpai

"In this world, wherever there is light - there are also shadows. As long as the concept of winners exists, there must also be losers. The selfish desire of wanting to maintain peace causes wars, and hatred is born to protect love."

No comments:

Post a Comment