Wednesday, January 27, 2016

Uchiha Madara


Short story :

-သူဟာစစ်ပွဲတွေကြားထဲမွေးဖွားလာခဲ့သူ။
-သူဟာညီအကိုငါးယောက်ထဲမှာအကြီးဆုံးဖြစ်ပြီးစစ်မြေပြင်ပေါ်မှာကြီးပြင်းလာခဲ့သူ။
-သူဟာမွေးရာပါပါရမီရှင်တစ်ဦးဖြစ်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့တင်အရွယ်ရောက်ပြီးသားတစ်ဖက်ရန်သူတွေကိုသုတ်သင်ပစ်နိုင်သူ။
-သူဟာကျောက်တုံးလေးတစ်တုံးကိုရေပေါ်လျှပ်ပစ်ရာမှမျိုးရိုးမသိတဲ့ကောင်လေးတစ်ယောက်နဲ့သူငယ်ချင်း၊ပြိုင်ဖက်၊လေ့ကျင့်ဖော်တွေဖြစ်ခဲ့သူ။
-သူဟာထိုကောင်လေးနဲ့တူတူငြိမ်းချမ်းပြီးစစ်ပွဲတွေမရှိ
တဲ့ကမ္ဘာတစ်ခုကိုတည်ဆောက်ဖို့စိတ်ကူးယဉ်ခဲ့သူ။
-သူဟာသူငယ်ချင်းဖြစ်သူရဲ့မျိုးရိုးဟာရန်သူရဲ့မျိုးရိုးမှန်းသိလိုက်ရတဲ့အခါမိသားစုနဲ့သူငယ်ချင်းကြားမှာမိသားစုကိုသာရွေးချယ်ခဲ့ရသူ။
-သူဟာတစ်ချိန်ကစိတ်ထားနူးညံ့ခဲ့ပေမယ့်အချစ်ရဆုံးညီလေးကိုသူငယ်ချင်းဟောင်းရဲ့ညီဖြစ်သူလက်မှာအသက်ဆုံးရှူံးသွားတာမြင်ခဲ့ရတဲ့အခါရက်စက်ကြမ်းကြုတ်သူတစ်ဦးအဖြစ်ပြောင်းလဲသွားခဲ့သူ။
-သူဟာလူအများဖိန့်ဖိန့်တုန်ကြောက်ရတဲ့Shinobiတွေရဲ့နတ်ဘုရားတစ်ပါးကိုထိပ်တိုက်ရင်ဆိုင်ဝံ့သူ။
-သူဟာအမုန်းတွေကိုမေ့ထားခဲ့ပြီးငယ်သူငယ်ချင်းနဲ့အတူစိတ်ကူးထဲကရွာကြီးကိုပူးတွဲတည်ထောင်ခဲ့သူ။
-သူဟာnaka shrine ရဲ့ stone tablet အရမိမိနဲ့သူငယ်ချင်းဖြစ်သူရဲ့ကံကြမ္မာကိုသိပြီးဘယ်တော့မှမပြီးဆုံးနိုင်တဲ့ရန်ဘက်တွေအဖြစ်နဲ့နေထိုင်သွားဖို့ရွာကထွက်ခွာခဲ့သူ။
-သူဟာ Infinite Tsukuyomi Plan အတွက်မိမိရဲ့သေဆုံးခြင်းကစလို့သေဆုံးပြီးနောက်ပိုင်းကိစ္စတွေအထိစနစ်တကျစီစဉ်သွားခဲ့သူ။
-သူဟာ "အလင်းရောင်ရှိတဲ့နေရာတိုင်းမှာအရိပ်ရှိတယ်။အောင်နိုင်သူဆိုတာရှိနေသ၍ရှူံးနိမ့်သူဆိုတာလဲရှိနေဦးမယ်။ငြိမ်းချမ်းရေးကိုလိုလားတဲ့တစ်ဖက်သတ်ဆန္ဒတွေကစစ်ပွဲတွေကိုဖြစ်စေတယ်။ပြီးတော့ချစ်ခြင်းမေတ္တာကိုကာကွယ်ဖို့အမုန်းတရားဆိုတာပေါက်ဖွားလာရတယ်" ဆိုတဲ့အယူအဆတွေနဲ့သူ။
-သူဟာတိုက်ခိုက်ခြင်းကိုအလွန်နှစ်သက်ပြီးမိမိနဲ့လက်ရည်သူတူတွေတွေ့ရင်အလွန်သဘောကျသူ။
-သူဟာHashiramaတစ်ဦးတည်းသာသူနဲ့တိုက်ခိုက်ဖို့အရည်အချင်းပြည့်မီတဲ့လို့ယူဆထားသူ။
-သူဟာမိမိစွမ်းရည်တွေကိုအင်အားနည်းသူတွေနဲ့တိုက်ခိုက်ပြီးအလဟဿမဖြုန်းတီးချင်သူ။
-သူဟာမိမိကိုယ်ကိုယုံကြည်မှုပြင်းထန်ပြီးရန်သူအပေါ်တော်ရုံအထင်မကြီးတတ်ပေမယ့်သူထင်မှတ်ထားတာထပ်ရန်သူဟာသာလွန်နေခဲ့ရင်တော့ချီးကျူးဖို့ဝန်မလေးသူ။
-သူဟာနာမည်ကြားရုံနဲ့တင် Shinobi ရွာ(၅)ရွာပေါင်းစည်းပြီးခုခံရတဲ့ထိကြောက်ရွံ့ခံခဲ့ရသူ။
-သူဟာရာပေါင်းများစွာသော shinobi တွေကိုတစ်ဦးတည်းချေမှုန်းခဲ့ပြီး Tailed beast ကိုးကောင်ကိုတစ်ချက်မတွန့်ဘဲရင်ဆိုင်ခဲ့သူ။
-သူဟာ jutsu ပေါင်းများစွာကိုကျွမ်းကျင်ပြီး tactic တွေမထပ်အောင်အသုံးပြုသူ။
-သူဟာ Uchiha Clan သမိုင်းတစ်လျှောက်အထင်ရှားဆုံးနဲ့စွမ်းအားအကြီးမားဆုံးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ။
-သူဟာ indra ရဲ့ chakara ကိုအမွေဆက်ခံထားသူ။
-သူဟာစွမ်းအားကိုငတ်မွတ်သူ၊မိမိအယူအဆကိုသာယုံကြည်ပြီးပန်းတိုင်ကိုရောက်အောင်သွားနိုင်သူ။
-သူဟာနတ်ဆိုးတစ်ပါး၊သူဟာပြိုင်စံရှားစစ်သည်တော်၊သူဟာအများနဲ့မတူတဲ့အရည်အချင်းတွေပိုင်ဆိုင်ထားတဲ့အတော်တကာ့အတော်ဆုံး shinobi တွေထဲက shinobi တစ်ဦး။
-သူဟာ Uchiha Madara!!!

Thanks for reading mina ^^
Admin #Itachi_senpai

No comments:

Post a Comment