Short tip :
Naruto curreny(Naruto ပိုက်ဆံ) :
ပုံမှာပြထားတဲ့ Naruto ပိုက်ဆံတွေဟာကစားစရာတွေမဟုတ်သလိုနောက်ထားတာလဲမဟုတ်ပါဘူး။ဒါတွေက Japan နိုင်ငံရဲ့ Naruto city မှာတကယ်ကိုသုံးလို့ရတဲ့ပိုက်ဆံတွေပါဗျ။
Naruto city ဟာ Japan နိုင်ငံ Tokushima နယ်မှာတည်ရှိပြီးဒီမြို့လေးကိုတော့ 1947ခုနှစ် March 15 မှာတည်ထောင်ခဲ့တာပါ။ဒီ Naruto city နဲ့ Awaji Island တို့ကြားမှာလဲနာမည်ကျော် Naruto Whirlpool တွေရှိပါသေးသတဲ့။
ကဲကဲ..လိုရင်းမရောက်သေးဘူး ။ဒီ Naruto city ဟာ Masashi Kishimoto ရဲ့နာမည်ကျော် Manga ဖြစ်တဲ့ Naruto manga ကိုဂုဏ်ပြုသောအားဖြင့်ခုလို Naruto currency ပေါင်း 100 million copy
ကိုရောင်းချပေးခဲ့ပါတယ်။ဒီပိုက်ဆံတွေကို 1000 yen နဲ့ 10000 yen ဆိုပြီး ၂ မျိုးထုတ်လုပ်ပေးထားပြီး Naruto city ထဲမှာရှိတဲ့ဆိုင်ပေါင်း 250 မှာအမှန်တကယ်အသုံးပြုနိုင်မှာပါ :-) ။
ဒီ Naruto ပိုက်ဆံတွေထုတ်ဝေအသုံးပြုခြင်းကြောင့်နိုင်ငံခြားခရီးသွားဧည့်သည်တွေရဲ့စိတ်ဝင်စားမှုတွေရပြီးမြို့ကိုအလည်အပတ်လာသူတွေများလာစေဖို့ရည်ရွယ်ထားတယ်လို့လဲသိရပါတယ်။ဒါ့အပြင်မြေပုံပေါ်မှာလဲ Naruto manga နဲ့သက်ဆိုင်တဲ့တရားဝင်နေရာတစ်ခုအဖြစ်တည်ရှိနေဖို့အတွက်လဲရည်ရွယ်ပါတယ်တဲ့ :-) ။
ဒါ့ကြောင့် Japan ကိုရောက်ခဲ့ရင် Naruto city ကိုရောက်အောင်သွားပြီဒီပိုက်ဆံလေးတွေပါအောင်ယူလာခဲ့ဖို့အကြံပေးပါရစေ :-) ။ပြီးရင်ကျော်တို့ကိုလဲလက်ဆောင်ပေးပေါ့နော်
Thz for reading mina ^^
Admin #Itachi_senpai

No comments:
Post a Comment